သားတော်မောင်ကိုရင်လေးအတွက်ကျခဲ့ရသောမျက်ရည်တစ်စက်၏နောက်ကွယ်

သားကိုရင် လူထွက်မလာနဲ့နော် ဘုန်းကြီးဖြစ်အောင်နေ ကြားလား ။ငါ့သားကိုရင်ကို အမေတို့ က ရဟန်းခံပေးရင်းနဲ့ အလှူကြီးပေးလှူနိုင်အောင် အလုပ်တွေပိုပြီး ကြိုးစားနေတယ်။ ဒါနဲ့ အဖေေ ရာ ဘယ်မှာလဲ အမေ~တောထဲသွားနေတယ် ငါ့သားရေ~သူလည်း သားအတွက်ပဲ လုံးပမ်းေ နရှာတယ်။အခုနှစ် သီးနှံတွေလည်း မနှစ်ကထက် ပိုပြီးရတယ်။ ကိုရင်ရဲ့ အစ်မတွေကို ရွှေလေးတွေ ဆင်ပေးထားတယ် ။လာမယ့်နှစ်အတွက် လယ်ယာတွေကို တိုးချဲ့လုပ်ကိုင်မယ်သားကိုရင်သာ စာတွေကြိုးစားပြီး အောင်မြင်အောင်လုပ်ပါ ။ အမေတို့ အတွက် တွေးပူစရာမလိုပါ ငါ့ သားရယ် ။ လိမ်လိမ်မာနေ ဆရာ့စကားနားထောင်စ သည်ဖြင့် မှာစရာရှိတာ သားအမိနှစ်ယောက်Video Callဖြင့်မှာတမ်းချွေပြီး မိမိလက်ထဲကို ကိုရင်ငယ် ကဖုန်းလာပေးပါတယ် ။ ကိုရင်ပေါက်စ အခန်းထဲက ထွက်သွားချိန်မှာ ဖုန်းမကျသေးပါ ။


ပထမတစ်ကြိမ်ကိုရင်မယ်တော်နဲ့ မိမိ ဖုန်းပြောဖူးပါတယ်ဒီနေ့ နေ့လည်မှာ ဒုတိယမ္ပိအကြိမ်ပြောခြင်းဖြစ်ပါတယ်။ ဟင်~~ဒကာမကြီး ဘယ်လိုဖြစ်တာလဲ?ဘာဖြစ်လို့ မျက်ရည်တွေကျေ နရတာလဲ?ဝမ်းနည်းစရာမှ မဟုတ်ဘဲ ဒီကျောင်းမှာစာသင် စာကျက်ပြီး ချမ်းချမ်းသာသာေ န ရပါတယ်ပူစရာမရှိပါဘူး လို့ မိမိက ပြန်အားပေးလိုက်ပါတယ် ။ `အရှင်ဘုရား!ကိုရင်က အိမ်မှာ အငယ်ဆုံး သားလေးပါ ။မတွေ့ရတာကြာလို့ သားလေး ကို လွမ်းလွန်းလို့ စိတ်မထိန်းနိုင်တဲ့အတွက် ဝမ်းနည်း ဝမ်းသာ မျက်ရည်ကျမိခဲ့မိတာ ကိုတပည့်တော်မ တောင်းပန်ပါတယ် ။ အစောကတည်းကငိုချင်စိတ်ဖြစ်မိပေမယ့်သားကိုရင်လေးသိသွားရင်စိတ်မကောင်းဖြစ်မှာစိုးတဲ့အတွက်မနည်းမျိုသိပ်ထားခဲ့ရတယ်လို့ငိုသံနှောကာ


ပြောနေရှာတဲ့ကိုရင်မယ်တော်ရဲ့အသံကို အပိုအလို မရှိအောင်ကရုဏာရသ စာတမ်းလေးရေးဖွဲ့လိုက်ပါတယ်။ တောသူမိခင်တွေဟာ သားကိုရင်ကိုဘယ်လောက်အထိ ချစ်သလဲဆိုတာသူတို့ရဲ့ အနာဂတ်ေ တွအားလုံးသားကိုရင်အတွက်ဆိုပြီး စိတ်ပိုင်းဖြတ်ထားတာကိုကိုယ်တိုင်မျက်ဝါးထင် ထင်ေ တွ့မြင်လိုက်ရတယ် ။

မိခင်တွေရဲ့ဝမ်းနည်းတဲ့ စိတ်ထားကို အပြစ်ပြောလို့ မရဘူးကိုးလလွယ် ဆယ်လဖွား ပင်ပန်းဆင်းရဲစွာကိုယ်တိုင်မွေးမြူထားရတဲ့သားအတွက်မိခင်ရင်ထဲမှာ ဘယ်ေ လာက်အထိ ချစ်ခြင်းမေတ္တာတွေပြည့်လျှံစီးဆင်းနေမလဲဆိုတာကိုမိခင်ဖြစ်ဖူးသူတိုင်းမှ သိ ကြမှာပါ ။ ကိုရင်ငယ်လည်း ထွန်းတောက်ပါစေ ။မိခင်တိုင်းလည်း စိတ်ချမ်းမြေ့ကြပါစေ ။

အရှင်သာသန (ဝက်လက်)

Comments