လားရှိုး-တန့်ယန်းလမ်းပိုင်းရှိ တံတားတစ်စင်း အိမ်စီးကားတစ်စီး ဖြတ်သန်းစဉ် ကျွံကျ၊ လူနှစ်ဦးဒဏ်ရာရ



လားရှိုးနှင့်တန့်ယန်းမြို့ သို့ ချိတ်ဆက်ထားသော အဓိက လမ်းပိုင်းရှိ ပေ ၇၀ ခန့်အရှည် တံတားတစ်စင်းသည် အိမ်စီးကား တစ်စီးဖြတ်သန်းစဉ် ကျွံကျရာ ကားပေါ်ပါလူနှစ်ဦး ဒဏ်ရာရခဲ့ သည်။

လားရှိုးနှင့်တန့်ယန်းကြားရှိ မိုင်းရယ်မြို့ လမ်းပိုင်း နမ့်တုံးအ မည်တံတားသည် ယမန်နေ့(ဒီဇင် ဘာ ၁၂ ရက်)မွန်းလွဲ ၂ နာရီခွဲခန့် က ကျွံကျခြင်းဖြစ်သည်။
‘‘ခွေးဘီလူးကားလေး ဖြတ် တုန်း ကျွံကျတာ။ တံတားက အ လယ်က နှစ်ခြမ်းကွဲသွားတာ။ ရှေ့က ကားကြီးတွေသွားတဲ့အ ရှိန်ကြောင့်ဖြစ်မယ်ထင်တယ်’’ ဟု လားရှိုးခရိုင်ရဲတပ်ဖွဲ့မှ ဒုတိယ ရဲမှူးကျော်ကျော်ခိုင်က ပြော သည်။
အဆိုပါကားပေါ်တွင် အမျိုး သားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး လိုက်ပါလာပြီး နှစ်ဦးစလုံး ဒဏ် ရာအနည်းငယ်ရရှိ၍ ဆေးရုံတင် ပို့ကုသထားကြောင်း ရဲတပ်ဖွဲ့က ပြောသည်။
မြေငလျင်လှုပ်ရှားခြင်းကဲ့ သို့ ထူးခြားဖြစ်ရပ်မရှိဘဲ ကား လေးတစ်စီးဖြတ်သန်းစဉ် တံတား ၏ ရာခိုင်နှုန်းတစ်ဝက်ခန့် ကျွံကျ သည့်ဖြစ်စဉ်ကြောင့် တံတား၏ ကြံ့ခိုင်မှုအပေါ် ဒေသခံများက  မေးခွန်းထုတ်သည်။
လတ်တလောတွင် ကား များဖြတ်သန်းရန် အန္တရာယ်ရှိ၍ ဌာနဆိုင်ရာတာဝန်ရှိသူများက လမ်းလွှဲပြုလုပ်နေသည်ဟု ဒုတိ ယရဲမှူးကျော်ကျော်ခိုင်က ပြော သည်။
ယခုဖြစ်ရပ်အတွက် မည်သို့ဆက်လက် ဆောင်ရွက်မည်ကို မေးမြန်းရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၏ လက်ကိုင်ဖုန်းအား ဆက်သွယ်ရာမရပေ။

Credit;7Day News Journal

Comments